welcom

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Thursday, September 20, 2012

ကြိုဆိုပါ၏......မြို့တော်ရန်ကုန်



သွေးပဲနော် .....
ဆန္ဒရှိရင်လာခဲ့
ဖိတ်ခေါ်ပါတယ်..
Welcome To Yangon..............
 ပွင့်လင်းတယ်...
ခတ်မီတယ်.......
အခွင့်လမ်းတွေရှိတယ်..
ဒါ ..မဟာရန်ကုန်
 အဆိုတော်ဖြစ်ချင်လား
လာခဲ့စမ်းပါ ဒို့ရန်ကုန်
မော်ဒယ်ဖြစ်ချင်လား
လာခဲ့စမ်းပါ ဒို့ရန်ကုန်
ဖြစ်ချင်တာတွေ ဖြစ်စေနိုင်တာ
ဒို့ရန်ကုန်ကြွားမပြောဘူးနော်...
မင်းသိပါတယ်.
ကျော်သွားလို့မရတာဒီရန်ကုန်
 တခုတော့ရှိတယ်
ရန်ကုန်သူရန်ကုန်သား
လည်လွန်းတာမဟုတ်ပါဘူး....
အ...ရင်တော့ခံရမှာပဲ
ဒါလည်းပဲရန်ကုန်အထာ...
 မျက်စေ့ တဆုံးကြည့်လိုက်ပါ..
ရန်ကုန်က တက်ကြွနေတာ...
အလည်တခေါက်လာခဲ့စမ်းပါ....
မရိုးနိုင်တဲ့ပြဇာတ်အစုံကို မင်းမြင်တွေ့မှာပါ

ရန်ကုန်နော်ရန်ကုန်
မွန်းကြပ်တာမှန်းပေမယ့်မွန်ကြပ်တာ
မင်းအသာကျသွားတဲ့အခါ
ငါတို့လို အရိုးဆွေးနေချင်သွားမှာပါ
အင်ယားကန်ရယ်..ရွှေတိဂုံရယ်.....
အထပ်မြင့်တိုက်တွေရယ်....ပျံကျဈေးသည်တွေရယ်...
ရူမညီးတဲ့ ညဈေးတန်းရယ်...
လွတ်လပ်တဲ့....Entertainment
စရိုက်စုံတဲ့ပတ်ဝန်းကျင်
ဒါတွေဟာ....ရန်ကုန်တွင်ရှိသည်...

ရာသီမရွေး...သီးနှံစုံတယ်..
သားငါးရှိတယ်.
ဈေးလေးတော့နည်းနည်းကြီးတယ်
ပျော်စရာများတယ်...
အလုပ်ပေါတယ်..
အော်နောက်ပြီးလိုင်းကားလည်းကြပ်သေးတယ်ဟ
လိုချင်တာရှိရင်ပြောပါ
ပလာဇာလည်းများတယ်နော်..
ဈေးကလည်းဆော်တယ်နော်...
ဆစ်နိုင်ရင် မင်းတွက်ကြည့်ပဲ

ကာလာစုံပျိုကညှာပေါတယ်
ဆိုက်စုံဂိုက်စုံရှိတယ်ကွယ်...
ကိုကို များလည်း စတိုင်ထုတ်တယ်...
အ..ရင်တော့ခံရမှာပဲ
ရန်ကုန်နော်ရန်ကုန်
အောက်ပြည်အောက်ရွာငွေရှာလွယ်သနော်...
ဆင်ခြင်ရမှာ....မင်းအပိုင်း
ထပ်ပြောမယ်..ဒါမဟာရန်ကုန်
အကွက်ရွေမှားရင်....အစားခံရမယ်...
ကြိုဆိုပါ၏......မြို့တော်ရန်ကုန်။။။။။။။။။


                                                ပန်ပန် (ရန်ကုန်)



Thursday, May 10, 2012


·        ဒလ (သို့ ) ကျူပ်ကျောပြင်ကို ချခံရခြင်း
·         ======================
လေတယ် ...စိတ်
တအိတ်ကိုတစိပ်ဖြစ်အောင်ပြောပစ်မယ်.....

... တို့ နိုင်ငံရဲမြေပြင်အောက်မှာ
သုံးမကုန်နိုင်တဲ့ရေချိုမြစ်ပြင်ရှိသပဆို
အမိအရနဲ့ အတိအကျ ငိုလိုက်ချင်ပါရဲ့ 
နဂိုကတည်းက ငိုက်နေတဲ့ ပရဟိတစိတ်
တရိပ်ရိပ်နဲ့ အငွေ့ ပြန်
အတွေ့ မခံတဲ့ စာနာစိတ်
ဒီတခါတော့ ..ကျူပ်ကျောကို ချတယ်

ဒလမှာရေပြတ်နေတယ်တဲ့
နေတတ်သူတွေနေကျပေါ့
အသေတတ်ဖို့ အလှူပေးကွယ်
အဘယ်သူတွေငေးနေကြသလဲ
အဘယ်သူတွေတွေးပူကြသလဲ
အပေးအယူမမျှတဲ့ လောက
ဒီတခါလဲ.....ကျူပ်ကျောကို ချတယ်

ထမင်းအသက်ခုနှစ်ရက်
ရေအသက်တမနက်တဲ့
တရက်ထက်တရက် ကျဉ်းကြုပ်
စရင်းလုပ်ကာမှတ်သား
ဒင်းတို့ တတွေဇယားတွေများ
တတ်အားသ၍၀ိုင်းပါတော့လား
ဒီတိုင်းသာသွားရင်ဖြင့်
ကျူပ်ရင်မှာတထင့်ထင့်နဲ့ 
ရင်နင့်စရာတွေဖြစ်တော့မပေါ့
ဒီတခါလဲ .....ကျူပ်ကျောကို ချပြန်တယ် ....

မိုးသူ(တောင်ကြီး)
ဒလမြို့ နဲ့ အတွင်းပိုင်းထိရေရရှိရေးဆောင်ရွက်ပေးဖို့ တိုက်တွန်းပါသည်။

Saturday, December 31, 2011

တူတူပုန်း

သံသရာဝဋ်ထဲ
မကျွတ်ဘဲနေနေ
ဇွတ်ဆွဲလို့ တပေပေငယ်
သေပစေခင်ရဲ့
နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို
မလိုက်ချင် ရုန်းကန်လို့ဖဲ့ ။
နှစ်ယောက်ထဲ စံပါ့မယ်
ကံနှစ်ဖြာ နယ်လှည့်
သံသရာ အကျယ်ချဲ့ပါလို့
တလယ်လယ့် မောင်မယ်
ဂင်္ဂါဝါ ဆူဆူဆုံး စေတော့
တူတူပုန်း ပုန်းဖို့သာရွယ် ။
တေဘုမ္မ ဝဋ်နန်းလယ်မှာ
ကျွတ်တမ်းကွယ် စာမလိတ်ချင်ဘု
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ
ရိုင်းခေါင့်ဖြစ်စေ
နောက်ချန်၍ အပိုနေမယ်
နှစ်ကိုယ်ရေ ပျော်စမ်းချင်လို့လေး ။ ။

Friday, December 30, 2011


သင်အတွက်မနက်ဖြန်.........
မနက်ဖြန်သို့ ရောက်သော် ယနေ့ဆိုသည်မှာ သမိုင်းဖြစ်သွားလိမ့်မည်။
ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက
သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။
ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊
သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်

....မောင့်တောအုပ်မှာ....

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောင်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညှင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည်။

မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့ အိပ်မက်လှဲ့လှဲ
သဲ့သဲ့ခေါ်ငင် မပီပြင်လဲ
ထင်ထင်ကြားလိုက် တိမ်းမူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး ရပ်တစ်ပါး၌
ရွေ့လျားရာသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလဲ
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်နဲ့ လာလိုက်ခဲ့ဟု
သဲ့သဲ့ခေါ်သံ ကြားရပြန်၏။

မြဲမြံနွယ်နှောင် လူတို့ဘောင်၌
ယောင်မှားဧည့်သည့် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညိုး
လမ်းမှားတိုးဆဲ တိုးတိုးတစ်မျိုး
ချိုးငယ်ပြောသည် မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ယစ်ရီသတဲ့
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညှင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။

........... အရုပ်လေးရယ်............
အိပ်မက်မက်ရင်းလမ်းလျှောက်မိနေတာ
ငါဘယ်ရောက်နေလည်းမသိရတော့ပါလား
တစ်ယောက်သောသူအတွက်လုပ်ရှားပေးရင်း
ငါ့ရင်ခုန်သံကိုလစ်လျှူရှု့ခဲ့မိတယ်
စိတ်ကူးတွေနဲ့ပျော်ရွင်ခဲ့ရတဲ့ နေ့ရက်ပေါင်း
အချိန်ကြာလေ ဝေးကွာလေပဲလား
အိပ်မက်ကနိုးလို့ စိတ်ကူးတွေလွင့်ပြယ်သွားရင်
နင်လည်းပျောက်ကွယ်သွားမှာလား..........
ရင်မောစရာပဲ

သူငယ်ချင်းတို့ စိတ်ကြိုက်ပေါက်ကွဲ ဖို့