welcom

Thursday, September 20, 2012

မိမိ Blog မှာ Rrght Click ပိတ် ချင်သူများ အတွက်

ပထမဆုံး Run ထဲကနေ regedit လိုက်ရိုက်လိုက်ပါ..။

 - Registry Editor ကနေ HKEY_CURRENT_USER\software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုအဆင်ဆင့်ရောက်အောင် သွားပါ..။

 - ရောက်သွားပြီဆိုရင်တော့ Explorer ရဲ့ညာဘက် အပိုင်းမှာ Right-click နှိပ်ပြီး new DWORD value တစ်ခုတည်ဆောက်လိုက်ပါ.. DWORD ရဲ့နာမည်ကိုတော့ NoViewContextMenu လို့ပေးပြီး Value ကို 1 လို့ပေးပါ..။ 

- နောက်ပြီး new DWORD value တစ်ခုထပ်ဆောက်ပြီး နာမည်ကို NoTrayContextMenu နဲ့ Value ကို 1 လို့ပေးပါ..။

 - ပြီးရင် HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced
ထဲမှာ new DWORD value တစ်ခုတည်ဆောက်ပြီး နာမည်ကို TaskbarContextMenu နဲ့ Value ကို 0 လို့ပေးပါ..။ 


- ပြီးသွားပြီဆိုရင်တော့ ထုံးစံအတိုင်း Log Off ဒါမှမဟုတ် Restart ချလိုက်ရင် Right-click နှိပ်မရခြင်းကို အောင်မြင်သွားပါပြီ..။ နဂိုမူလအတိုင်း ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြင်ခဲ့သမျှ အဆင့်ဆင့်ကို 1 မှ 0, 0 မှ 1 ကိုပြောင်းပေးလိုက်ရင် ရပါပြီ.. အားလုံးအဆင်ပြေကြပါစေ။
 



ကြိုဆိုပါ၏......မြို့တော်ရန်ကုန်



သွေးပဲနော် .....
ဆန္ဒရှိရင်လာခဲ့
ဖိတ်ခေါ်ပါတယ်..
Welcome To Yangon..............
 ပွင့်လင်းတယ်...
ခတ်မီတယ်.......
အခွင့်လမ်းတွေရှိတယ်..
ဒါ ..မဟာရန်ကုန်
 အဆိုတော်ဖြစ်ချင်လား
လာခဲ့စမ်းပါ ဒို့ရန်ကုန်
မော်ဒယ်ဖြစ်ချင်လား
လာခဲ့စမ်းပါ ဒို့ရန်ကုန်
ဖြစ်ချင်တာတွေ ဖြစ်စေနိုင်တာ
ဒို့ရန်ကုန်ကြွားမပြောဘူးနော်...
မင်းသိပါတယ်.
ကျော်သွားလို့မရတာဒီရန်ကုန်
 တခုတော့ရှိတယ်
ရန်ကုန်သူရန်ကုန်သား
လည်လွန်းတာမဟုတ်ပါဘူး....
အ...ရင်တော့ခံရမှာပဲ
ဒါလည်းပဲရန်ကုန်အထာ...
 မျက်စေ့ တဆုံးကြည့်လိုက်ပါ..
ရန်ကုန်က တက်ကြွနေတာ...
အလည်တခေါက်လာခဲ့စမ်းပါ....
မရိုးနိုင်တဲ့ပြဇာတ်အစုံကို မင်းမြင်တွေ့မှာပါ

ရန်ကုန်နော်ရန်ကုန်
မွန်းကြပ်တာမှန်းပေမယ့်မွန်ကြပ်တာ
မင်းအသာကျသွားတဲ့အခါ
ငါတို့လို အရိုးဆွေးနေချင်သွားမှာပါ
အင်ယားကန်ရယ်..ရွှေတိဂုံရယ်.....
အထပ်မြင့်တိုက်တွေရယ်....ပျံကျဈေးသည်တွေရယ်...
ရူမညီးတဲ့ ညဈေးတန်းရယ်...
လွတ်လပ်တဲ့....Entertainment
စရိုက်စုံတဲ့ပတ်ဝန်းကျင်
ဒါတွေဟာ....ရန်ကုန်တွင်ရှိသည်...

ရာသီမရွေး...သီးနှံစုံတယ်..
သားငါးရှိတယ်.
ဈေးလေးတော့နည်းနည်းကြီးတယ်
ပျော်စရာများတယ်...
အလုပ်ပေါတယ်..
အော်နောက်ပြီးလိုင်းကားလည်းကြပ်သေးတယ်ဟ
လိုချင်တာရှိရင်ပြောပါ
ပလာဇာလည်းများတယ်နော်..
ဈေးကလည်းဆော်တယ်နော်...
ဆစ်နိုင်ရင် မင်းတွက်ကြည့်ပဲ

ကာလာစုံပျိုကညှာပေါတယ်
ဆိုက်စုံဂိုက်စုံရှိတယ်ကွယ်...
ကိုကို များလည်း စတိုင်ထုတ်တယ်...
အ..ရင်တော့ခံရမှာပဲ
ရန်ကုန်နော်ရန်ကုန်
အောက်ပြည်အောက်ရွာငွေရှာလွယ်သနော်...
ဆင်ခြင်ရမှာ....မင်းအပိုင်း
ထပ်ပြောမယ်..ဒါမဟာရန်ကုန်
အကွက်ရွေမှားရင်....အစားခံရမယ်...
ကြိုဆိုပါ၏......မြို့တော်ရန်ကုန်။။။။။။။။။


                                                ပန်ပန် (ရန်ကုန်)



Gtalk မှာ သီချင်းလေးတွေ ပွင့်ပြ မယ်

ကိုယ်သုံးနေတဲ့ Gtalk ကိုချက်တင်အတွက်တင်မကဘဲ သီချင်းလေးတွေပါ တစ်ခါတည်း ဖွင့်ပြချင်ကြဘူးလား။ စကားထက် သီချင်းလေးတွေက ထိရောက်တယ်နော်။ လုပ်နည်းပြောပြမယ်
For Windows 7 ၀င်းဒိုးရဲ့ ညာဘက်အောက်(notification area)မှာ Speaker ပုံလေးနဲ့ အသံအတိုးအကျယ် လုပ်တဲ့ နေရာလေးမှာ Right Click နှိပ်>>Recording Devices ကိုသွား ပေါ်လာတဲ့ box ထဲက လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး Show Disabled Devices ဘေးနားမှာ Enable အမှန်ခြစ်လေးပေးလိုက်ပါ။
ပေးလိုက်ပြီးတာနဲ့ Disabled လုပ်ထားတဲ့ devices လေးတွေ ပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့ devices တွေထဲကနေမှ Stereo Mix ကို right click ခေါ်ပြီး Enable ပေးလိုက်မယ်ဆိုရင် မှိန်နေရာကနေ လင်းလာပါလိမ့်မယ်။ သူ့ ဘေးနားမှာ အစိမ်းရောင်အမှန်ခြစ်ကလေးပေါ်လာပါလိမ့်မယ်။ ဒါဆိုပြင်ဆင်တာ ပြီးပါပြီ။
Gtalk ကိုဝင် ဖွင့်ပြချင်တဲ့ သူကို သီချင်းဖွင့်ပြမယ်။ ဖုန်းခေါ်လိုက်မယ် answer လုပ်လိုက်ပေါ့...လို့ ပြော။ သူ့ ဘက်က answer လုပ်လိုက်လို့ လိုင်းမိပြီဆိုတာနဲ့ (အတုံးပြည့်ရင် ပိုကောင်းပါလိမ့်မယ်) ကိုယ့်ဘက်က ဖွင့်ချင်တဲ့ ဆော့ဝဲသုံးပြီးဖွင့်ပြလိုက်ပေတော့ အိုကေမှာ စိုပြေသွားပါလိမ့်မယ်.....

သူငယ်ချင်းတို့ စိတ်ကြိုက်ပေါက်ကွဲ ဖို့