welcom

Monday, October 15, 2012

Facebook အကောင့် ခိုးနည်း နှင့် ကာကွယ်နည်း

Facebook အကောင့် ခိုးခြင်း
အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။
၁။ Facebook Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။
၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။
၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။
၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။
၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။
၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။
၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address  ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။
အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။
၈။ နောက်ထပ် ကျလာတဲ့ Page ကတော့  Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။
၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။
၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။
၁၁။ Security Question ဖြည့်တဲ့နေရာ မှာ ကိုယ်က မသိပါဘူး ကိုယ်ထင်တဲ့ အဖြေတစ်ခု ခု ကို ဖြည့်ပေးလိုက်ပါ မှားတယ်လို့ ပြောပါ့မယ် ထပ်ဖြည့်ပေးလိုက်ပါ သုံးခါလေး ခါ လောက် ဖြည့်ပေးရင် မမေးတော့ပါဘူး
၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။
၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။
ဒုတိယ နည်းလမ်း
နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံအကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလိုပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်းက ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်လည်း  ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထားဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။
ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့်ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော်လွားနိုင်ပါတယ်။
ကာကွယ်နည်း
ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။
ဒီတော့ ကာကွယ်ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။
၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။
၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။
Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး  မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်းပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ်။  
အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။
Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက်ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့်ခံသင့်သေးတယ်လို့ အကြံပေးသူများ ရှိလာပါတယ်။
ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက်မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်းလို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။
အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်





ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk နားညီးတယ် အမြင်ကတ်တယ် စိတ်ဒုက္ခရောက်တယ် ဆိုရင် ဒီလိုလေးစမ်းပိတ်ကြည့်မယ်ဗျာ

၁။ ပထမဆုံး Command Prompt (cmd) ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd ရိုက်ပြီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာ name ကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်။ ကျွန်တော် ဆိုင်လည်းတူတူထားပါတယ် ။ net view ကိုရိုက်ထည့်လိုက်ပါ။ လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်

ဥပမာ ( computername) eg- akari2 ပေါ့ နံပါတ် 2 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့အောက်က ဥပမာကိုကြည့်ပါ

1 . cmd

2 . net view

3. tasklist/s akari2

4. taskkill/s computer akari2/im googel.exe


အလွယ်ဆုံး ပိတ်နည်းပါ…

အဆင်ပြေပါစေဗျာ ….

Page အတုတွေကို ပြန်ဖောက်မယ်





ဒီနည်းကို Crew လို့ ခေါ်ပါတယ် ။ တူးတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်..
ကျွန်တော်တို့ တွေ page အတု တွေနဲ့ သူများကိုပာက်ရတာ တကယ်ပျင်းဖို့ကောင်းလွန်းပါတယ်..ပာုတ်တယ်ပာုတ်..
မပာုတ်လည်းပာုတ်တယ် လုပ်လို က်ဒါမှဆက်လို့ ၇မှာ..

သူများတွေက ပေ့အတုတွေနဲ့ အကောင့်တွေကို ပာက်ကြတယ်။(ဖေး၇ှင်း နည်းပေါ့ဗျာ.)
ကျွန်တော်တို့ က သူတို့ ပာက်ထားတာကို ပြန်ဖောက်ကြည့်မယ်ဗျာ... သူခိုးလက်ကသူဝှက်လုတယ်ပေါ့..
လက်တွေ့ လေးစလိုက်၇အောင်ဗျာ.. အောက်မှာကျွန်တော်လုပ်ထားတဲ့လင့်လေးနဲ့ ဥပမာပြသွားမယ်
အဲ့လင့်ကိုသွားလိုက်ပါ..

http://h1.ripway.com/stylemant/ServiceLoginAuth.htm

ကျွန်တော့်ဘော်ဒါ ဆိုဒ်တစ်ခု ဘဲဖြစ်ပါတယ်..
အဲ့ဆိုဒ်က အကောင့်တွေကို လိုက်ပာက်တယ်ဘဲထားပါတော့..
သူ ပာက်ထားတဲ့အကောင့်တွေကို ကျွန်တော်တို့ ဖောက်ကြည့်ကြမယ် ..
သူ့ ရဲ့ ပတ်စပေါ့ကို မသိဘဲ နဲ့ သူ့ တည်းကိုဝင်လို့မရပါဘူး။
ဒီတော့ ကျွန်တော်တို့ စတင် တူးကြပါမယ် .. crew တော့မယ်ပေါ့ဗျာ..
သူ့ ဆိုဒ်ရဲ့ အနောက်က ServiceLoginAuth.htm နေရာမှာ
ကျွန်တော်ပြောတာလေးတွေကိုတစ်ခုခြင်းထည့်ကြည့်ပြီးစမ်းလိုက်ပါ..
/password.htm
/password.txt
/passwd.htm
/passwd.txt
/newpassword.htm
/newpassword.txt
/npassword.htm
/npassword.txt
/npasswd.htm
/npasswd.txt
/logo.htm
/log.txt
 စသဖြင့်ပေါ့..
အရင်ဆုံး
ServiceLoginAuth.htm နေရာမှာ
password.htm လို့ ထည့်မယ်ဗျာ အောက်ကလိုပေါ့
http://h1.ripway.com/stylemant/password.htm
ပြီးရင် အဲ့လင့်ကိုသွားကြည့်မ၇ဘူးဖြစ်နေမယ်
တစ်ခုချင်းစီထည့်သွားလိုက်ပါ..
http://h1.ripway.com/stylemant/passwd.htm
ရောက်ရင် ပွင့်သွားပါလိမ့်မယ်
ကဲ့ကဲအားလုံးဘဲ အဆင်ပြေကြပါစေဗျာ..
ပေါ့အတုဆိုဒ်တိုင်းကို အဲ့လို နည်းနဲ့ ဖွင့်ကြည့်လို့ ရပါတယ်..
ဒါပေမဲ့ ကျွန်တော်ပေးတဲ့ ကုဒ်တွေနဲ့ ဆိုရင်တော့ အနည်းငယ်ကိုသာ ရနိုင်ပါမယ်.ယ.

ကို့ ဘာသာ ဖြစ်နိုင်မယ့်ပာာလေးကို ထည့်ပြီးတူးသွားလိုက်ပါ..

ဘလောဂ်တွေ Ban နည်း

ဘလောဂ်တွေ Ban နည်း

                   ကိုညီနေမင်းရဲ့ ဘလောဂ်ပိုစ့်

*******ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ *******

ညီနေမင်း http://www.nyinaymin.com/


နည်းပညာပေးဝေငှပေးတဲ့ ညီနေမင်းကို ကျေးဇူးတင်ရမှာဖြစ်သလို နည်းပညာယူတဲ့ပုဂ္ဂိုလ်အပေါင်းလည်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ယူတာပဲဖြစ်စေချင်ပါတယ်။ အားယားတိုင်း အခြားသူတစ်ပါးကိုနှောင့်ယှက်တာ
မျိုးမဖြစ်သင့်ပါ။

ဒီပို့စ်ကိုတော့ ကျွန်တော် တင်ဖို့ စိတ်ကူးမရှိပါဘူး. ဒါပေမယ့် ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့လူက နှစ်နည်းနဲ့တိုက်ခိုက်နိုင်
ပါတယ် .

* (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
* (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း

ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါလာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လိုသိနိုင်လဲဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့်အနေနဲ့ အကြံဥာဏ်များပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည်မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုးလာကြည့်တာမဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီးတိုက်ခိုက်မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ .
ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ..
. gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း

* (၁) blogger.com ကို ၀င်လိုက်ပါ .
* (၂) Layout >> Edit html ကို သွားလိုက်ပါ ..
* (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို ]]> ဆိုတာကို ရှာပါ့မယ် .
* (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..


<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>
<script type="text/javascript">
//<!CDATA[
// Banned ip script 2.0
//(C)2009 Anhvo
//homepage: http://vietwebguide.com

var banned_ip = new Array();

banned_ip[0] = '85.142';
banned_ip[1] = '22.98.69.1';
banned_ip[2] = '115.67.4.182';
banned_ip[3] = '85.78';

var mes_bi = "Your IP is banned so you cannot visit this website!";

for(var i=0;i<banned_ip.length;i++) {
eval('var re = /^' + banned_ip[i] + '/ ;');
if (re.test(mc_user_ip))
{
document.write('<style type="text/css">');
document.write('BODY{display:none;}');
document.write('<\/style>');
alert(mes_bi);
break;
}
}
//]]>
</script>


ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသားကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချောကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံးအနီနဲ့ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေထပ်ဖြည့်လို့ရပါသေးတယ် .

မင်းသားကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသားကိုသာထည့် ဒီဇာတ်ကား ရုံပြည့်ရုံလျှံဖြစ်သွားမယ် .

သူငယ်ချင်းတို့ စိတ်ကြိုက်ပေါက်ကွဲ ဖို့