welcom

Friday, December 30, 2011


သင်အတွက်မနက်ဖြန်.........
မနက်ဖြန်သို့ ရောက်သော် ယနေ့ဆိုသည်မှာ သမိုင်းဖြစ်သွားလိမ့်မည်။
ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက
သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။
ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊
သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်

....မောင့်တောအုပ်မှာ....

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောင်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညှင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည်။

မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့ အိပ်မက်လှဲ့လှဲ
သဲ့သဲ့ခေါ်ငင် မပီပြင်လဲ
ထင်ထင်ကြားလိုက် တိမ်းမူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး ရပ်တစ်ပါး၌
ရွေ့လျားရာသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလဲ
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်နဲ့ လာလိုက်ခဲ့ဟု
သဲ့သဲ့ခေါ်သံ ကြားရပြန်၏။

မြဲမြံနွယ်နှောင် လူတို့ဘောင်၌
ယောင်မှားဧည့်သည့် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညိုး
လမ်းမှားတိုးဆဲ တိုးတိုးတစ်မျိုး
ချိုးငယ်ပြောသည် မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ယစ်ရီသတဲ့
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညှင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။

..........ခေတ်ပျတ်...........

ဘယ်အရာမှ အထာမကျတဲ့
ခေတ်ကြီးထဲမှာ...
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ....။

လက်ဖျားမှာငွေသီးဖို့
အထာမကျ ဈေးကွက်ပျက်ကို
ဈေးဖျက်ရင်းကြီးစိုး
ပျောက်စေဆရာလိုလို ဖန်ဆင်းရှင်လိုလို
ဘိုးတော်လိုလို နတ်မိမယ်လိုလို
သူဌေးလိုလို ခွေးလိုလို
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ.....။

ကိုယ်တိုင်အထာကျမလား..!!
... .... .... .... .... .... ....
အထာကျ တက်ကျမ်းကို
အာသာငမ်းငမ်း ဖတ်ဖို့ရှာရင်း
အထာမကျခြင်းတွေနဲ့
အထာမကျစွာနပမ်းလုံး
သြော်....
ငါသည်လည်းပဲ ငါ့ကိုယ်ငါ
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ
အထာမကျလိုက်တာနော်.......။

........... အရုပ်လေးရယ်............
အိပ်မက်မက်ရင်းလမ်းလျှောက်မိနေတာ
ငါဘယ်ရောက်နေလည်းမသိရတော့ပါလား
တစ်ယောက်သောသူအတွက်လုပ်ရှားပေးရင်း
ငါ့ရင်ခုန်သံကိုလစ်လျှူရှု့ခဲ့မိတယ်
စိတ်ကူးတွေနဲ့ပျော်ရွင်ခဲ့ရတဲ့ နေ့ရက်ပေါင်း
အချိန်ကြာလေ ဝေးကွာလေပဲလား
အိပ်မက်ကနိုးလို့ စိတ်ကူးတွေလွင့်ပြယ်သွားရင်
နင်လည်းပျောက်ကွယ်သွားမှာလား..........
ရင်မောစရာပဲ

သူငယ်ချင်းတို့ စိတ်ကြိုက်ပေါက်ကွဲ ဖို့